မောင့်အရိုင်းပန်း
ညှာတာမှု ကင်းမဲ့လှစွာ လေပွေသရမ်းတွေ
အမှတ်မထင်ပဲ တိုက်ခတ်ရက်စက်လာ
နုနယ်တဲ့ မောင့်အရိုင်းပန်း
အသိမကြွယ်တဲ့ မောင့်တစ်ပွင့်ပန်း
အညှာမခိုင်သေးတော့ မဖွံ့ဖြိုးခင်
ကြွေကာကျရရှာပြီ။
စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ
အလစ်ကိုချောင်း တစ်ဘက်သား တစ်ချက်အငိုက်ကို
အပြစ်အနာမဲ့ မောင့်အရိုင်းပန်း
သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း
အနီရောင် စွန်းထင်းကာ အလှမပြည့်ခင်
မြေမှာခ ရရှာပြီ။
ကြည်လင်ကာ ပြန့်ပျူးတဲ့ ရေအပြင်ဟာ
ဝဲဂယက်ထန် လှုပ်ရှားသွားရပြီပေါ့
သာယာကာ အေးချမ်းတဲ့အခြေအနေတေ
ွရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ
မောင့်အရိုင်းပန်း မောင့်အသည်းပန်း
ကံဇာတာ ခေချိန်လား
ဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာ နစ်မွန်းရတာ။
သန်းခေါင်ယံည လမိုက်ခိုက်တောင်မမှီနိုင်ဘူး ထင်
စိတ်ဆင်ရိုင်း လောကသားရဲ့အမှောင
်မေတ္တာတရား ခေါင်းပါးလို့နေ
ကရုဏာမဲ့ သွေးသားအလိုအတွက်
ပင်ကိုယ်အားနွဲ့သူ
အရှုံးနဲ့သာခန္ဓာကိုယ် စတေးရရှာတယ်
သေတမန် ပြောင်းဝကို အရိုင်းပန်းနှယ်
မလွန်ဆန်နိုင် ဆက်သရုံပဲ။
ကြည်လင်ကာ ပြန့်ပျူးတဲ့ ရေအပြင်ဟာ
ဝဲဂယက်ထံ လှုပ်ရှားသွားရပြီပေါ့
သာယာကာ အေးချမ်းတဲ့အခြေအနေတွေ
ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ
မောင့်အရိုင်းပန်း မောင့်အသည်းပန်း
ကံဇာတာ ခေချိန်လားဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာ နစ်မွန်းရတာ။
တေးရေးကတော့ ဆရာစိုင်းခမ်းလိတ်ပဲ ထင်ပါတယ်။ တေးဆိုကတော့ ကိုထီးလို့ခေါ်တဲ့ စိုင်းထီးဆိုင်ပါပဲ။ အဲဒီခေတ်အခါက ဒီသီချင်း ဆင်ဆာလွတ်ခဲ့တာ အံ့သြမိပါတယ်။ ဒီခေတ်မှာတော့ ဒီလိုသီချင်းတွေ ဆင်ဆာ လွတ်မယ် မထင်ပါဘူး။ သီချင်းမှာပါတဲ့ စာသားတွေက သိသာလွန်းလှပါတယ်။ အခုတလော သတင်းမွှေးနေတဲ့ သီချင်းအချို့ကို ရေးစပ်နေတဲ့သူတွေ ဒီသီချင်းကို အတုယူသင့်တယ်လို့ ရိုးရိုးသားသား မြင်မိပါတယ်။ အကျည်းတန် ညစ်ညမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခုကို စကားလုံး လှလှလေးတွေနဲ့ နားခံသာအောင် ဖွဲ့ဆိုထားတဲ့ အနုပညာရဲ့ အရည်အသွေးကို ကျွန်တော် တန်ဖိုးထား လေးစားမိတာ အမှန်ပါပဲ။အဲဒီသီချင်းကို ခံစားကြည့်မိတော့ သီချင်းက အခုခေတ် မဟုတ်တဲ့ ဟိုးအရင်ခေတ်က ရှမ်းပြည်ကိုများ နောက်ခံထားလေမလားပဲ။ အခုခေတ်မှာရော အကျုံးဝင်နေသေးလား။ ရေတိမ်နစ်ရသူက ဖြူစင်ရိုးသားတဲ့ တိုင်းရင်းသူလေးပဲ ဖြစ်မယ်ထင်တယ်။ သေတမန် ပြောင်းဝဆိုတာကြီးက ကြောက်စရာကြီး။ တွတ်ပီကိုင်တဲ့ သေနတ်လို နှစ်လုံးပြူးသေနတ်တော့ မဟုတ်လောက်ဘူး။ စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေဆိုတာလည်း ဘယ်သူတွေကို ပြောချင်တာလဲ မသိဘူးဗျာ။ တောထဲမှာ နေတဲ့သူတွေကိုတော့ အရိုင်းအစိုင်းလို့သုံးထားတာ မြင်ဖူးဖတ်ဖူးမိတာပဲ။ အဲဒါကလည်း ပကတိ ရိုးသားဖြူစင်မှုကို အရိုင်းဆန်တယ်လို့ ပြောထားပုံပါပဲ။ ဒီအဖြေကို သိနေလည်း မဖြေတာပဲ ကောင်းပါတယ်လေ။ (Source: Julydream)
What do you think?
Sunday, March 1, 2009
Subscribe to:
Post Comments (Atom)
This comment has been removed by the author.
ReplyDelete