(source: Mandalay4you)
Tuesday, March 31, 2009
Monday, March 30, 2009
စာရေးဆရာ နှင့် သူခိုး
စာရေးဆရာ နှင့် သူခိုးရှေးတုန်းက ငရဲပြည်က ယမမင်းကြီး ရှေ့ သို့  စာရေးဆရာ တစ်ဦးနှင့် သူခိုးတစ်ယောက် တစ်ပြိုင်နက် ရောက်လာကြတယ်။ စာရေးဆရာ ဆိုသူဟာ ငရဲပြည်မရောက်မီ လူ့  ပြည်မှာတုန်းက အလွန်နာမည်ကြီး ထင်ပေါ်ကျော်ကြားတဲ့ စာရေးဆရာတစ်ဦး ဖြစ်ခဲ့တယ်။ သူခိုးဆိုသူကတော့ အလစ်သုတ် ဖောက်ထွင်းသူခိုး လမ်းဓားပြလုပ် ဆိုတဲ့  အဆိုးမှန်သမျှ အကုန်လုပ်လာတဲ့ လူပါ။သူတို့ နှစ်ယောက် ယမမင်းကြီး ထံမှောက်မှာ အစစ်အဆေးခံပြီးတော့ ပြစ်ဒါဏ်အသီးသီး ချမှတ်ခံကြရပါတယ်။ ငရဲသားတွေက ငရဲအိုးကြီးနှစ်လုံးထဲမှာ တစ်ယောက်စီထည့်ပြီး ဒယ်အိုး အောက်မှာ ငရဲမီးတွေ ဖိုပေးလိုက်တယ်။ သူခိုးရဲ့  ဒယ်အိုးအောက်က ငရဲမီးတွေဟာ ၊ မီးတောက်မီးလျှံတွေ ဟိန်းနေပြီး ငရဲခန်းမကြီးရဲ့  ကျောက်သားအမိုးကြီးတောင် တဖျစ်ဖျစ်မြည် လာတဲ့အထိ ပူပြင်းတယ်လို့  ဆိုပါတယ်။ အဲ ... စာရေးဆရာရဲ့  ဒယ်အိုးအောက်ကျတော့ ငရဲသားတွေက ငရဲမီးသေးသေးကလေး ဖိုပေးထားလိုက်ပါတယ်။ အဲဒီ ငရဲမီး သေးသေးကလေးဟာ တဖြည်းဖြည်း ကြီးကြီးလာတာ ငရဲခန်းမကြီး တစ်ခန်းလုံး နီရဲ ထိန်လင်းနေပါသတဲ့ ။
နှစ်ပရိစ္ဆေဒ အတော်ကြာလာတဲ့ အခါမှာ သူခိုးရဲ့  ငရဲအိုးအောက်က မီးတောက်ကြီးဟာ တဖြည်းဖြည်း မီးရှိန်လျော့ပြီး မီးငြိမ်းသွားပါတယ်။ နာမည်ကျော် စာရေးဆရာရဲ့  ငရဲအိုး အောက်က မီးတောက်ကြီးကတော့ ကြာလေ အရှိန်ကောင်းလာလေ ဖြစ်ပြီး မီးတောက်မီးလျှံတွေ ပိုပြီး ကြီးမားလာပါတယ်။ ကြာလေပိုပြီး ပူလောင်လာလေ ဖြစ်နေပါတယ်။ သူခိုးရဲ့  ငရဲမီး ငြိမ်းသေသွားတာ မြင်ရပြီး သူ့ ငရဲမီးက အရှိန်ကောင်းလာတာ တွေ့ ရတဲ့  စာရေးဆရာ နာမည်ကျော်က ..... ငါဟာ ပိုက်ဆံမက်မောပြီး င့ါကလောင်ကို လွတ်လွတ်လပ်လပ် ရေးချင်ရာရာတွေ ရေးခဲ့တဲ့  အပြစ်ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတပါးပစ္စည်းကို မတရားလုယက် ခိုးယူနေတဲ့ သူခိုးနဲ့  နှိုင်းစာလျှင် ငါ့ အပြစ်က ဘာမှ မကြီးလှပါဘူး။ ဒီလို ငါ့မှာ အပြစ်ကြီးကြီး မရှိဘဲနှင့် သူခိုးထက်ပိုပြီး အပြစ်ဒါဏ်ခံရတာတော့ မမျှတပါဘူး၊.... လို့ တွေးမိပြီး ....ဘုရားသခင် မတရားဘူး....လို့  အော်ဟစ်ပါတော့တယ်။
..........................................
အဲဒီအခါ ငရဲသူမတစ်ယောက် ဗြုန်းကနဲ ပေါ်လာပြီး နာမည်ကျော်စာရေးဆရာကို ကြိမ်းမောင်းတော့တာပါပဲ။ဟဲ့ ။။ လူယုတ်မာ ... ။ နင် ဘုရားသခင်ကို ဘာကြောင့်အပြစ်ဆိုနေရတာလဲ ။ နင့်က နင့်ကိုယ်ကို သူခိုးနဲ့  နှိုင်းနေရသလား ။ သူခိုးရဲ့ အပြစ်ဟာ နင်ကျူးလွန်တဲ့ အပြစ်နဲ့  နှိုင်းစာလျှင် ဘာမှ မပြောပလောက်ဘူး။ သူခိုးဟာ လူ့ ဘဝတလျောက်လုံး တရားလက်လွတ် ဥပဒေမဲ့  ဆိုးပေခိုးတိုက်လာတဲ့  အပြစ်ကလေးပဲ ရှိတယ်။နင့်အပြစ်တွေကို ကြည့်စမ်း။ နင်ရေးသားခဲ့တဲ့  စာပေအဆိပ်တွေဟာ လူတွေရဲ့  စိတ်ဓာတ် စာရိတ္တကို ချိနဲ့  သတ္တိကြောင်စေရုံသာမက ၊ ပတ်ဝန်းကျင် လူ့ လောကကြီး တစ်ခုလုံးကို နှစ်ပရိစ္ဆေဒ ကြာလေလေ၊ အဆိပ်အတောက်တွေ ပျံ့ နှံ့  လာလေလေ ဖြစ်နေတာပဲ။
.................................. ......
ဟိုမှာကြည့်စမ်း။နင့်အရေးအသားကြောင့် တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့  ဒုစရိုက်ရာဇဝတ်မှုတွေ ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြတဲ့သူတွေ၊ မိဘစကားနားမထောင်ဘဲ မိဘကို အရှက်ကွဲ အကျိုးနည်းအောင် မိဘ စိတ်ဆင်းရဲအောင် ဆိုးပေပျက်ဆီးနေတဲ့ ကလေးတွေ ၊ အဲဒီကလေးတွေရဲ့  ဆင်ခြင်တုံတရားတွေ ၊ အကျင့်စာရိတ္တတွေကို ပျက်ဆီးအောင် လုပ်ခဲ့တာ ဘယ်သူလဲ ၊ နင်လုပ်ခဲ့တာ နင်ရေးခဲ့တာ ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သရော်လှောင်ပြောင်ပြီး လူ့ အသိုက်အမြုံကလေးတွေကို တစစီ ကွဲပြဲသွားအောင် တရားဥပဒေနဲ့  အိမ်ထောင်မှု စည်းကမ်းတွေ ဗရုတ်သုတ်ခ ဖြစ်သွားအောင် ရေးခဲ့တာ ဘယ်သူလဲ ၊ နင် ရေးခဲ့တာ။
...................................
ကြည့်စမ်း။နင်ရေးတဲ့ စာတွေ ဖတ်ပြီး တစ်တိုင်းပြည်လုံး လမ်းလွဲလိုက်မိတယ်၊ ခိုးမှု ဝှက်မှု ရာဇဝတ်မှုတွေ ၊ သောင်းကျန်းပုန်ကန်မှုတွေ ဖြစ်နေရတာတွေဟာ တိုင်းပြည်ပျက်လု မတတ်ပဲ ။အဲဒါ နင်လုပ်ခဲ့တာတွေ ၊ အဲဒီလူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခရောက်ခဲ့ ရပြီး ကျဆင်းခဲ့ရတဲ့ ချွေးတွေ သွေးတွေ ၊ မျက်ရည်ပေါက်တွေအတွက် နင့်ကို အပြစ်တင်ရမှာပဲ။
.................................
လူယုတ်မာ။ နင်ရေးခဲ့တဲ့ စာတွေကြောင့် လူသားတွေ ဘယ်လောက် ပျက်စီးဒုက္ခရောက်ခဲ့ ၊ ခံစားခဲ့ရတာကို နင်မြင်ပြီလား၊ နင် ဘုရားသခင်ကို မထီမဲ့ မြင် ပြုဝံ့သေးသလား ။ ကဲ .. ။ အဲဒီအပြစ်တွေ ကျေအောင် နင်ဆက်ပြီး ငရဲခံပေအုံးတော့ ဆိုပြီး ငရဲသူမကလေးဟာ ငရဲအိုးကြီးရဲ့  အဖုံးကို ဂျိမ်းကနဲ ပိတ်ချလိုက်ပါသတဲ့ ။
(source: Copy from Phoenix)

Sunday, March 22, 2009
အဆုံးအထိ ရယ်ပါ
၁)
ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး "အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း" လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ "သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!" အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက "ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်" ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက "အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ" လို့ မေးတော့ အဘိုးအိုက "တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ" လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက "ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်" လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ "ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ" ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး "တောက်... သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ" လို့ အော်ဆဲလိုက်တော့တယ်။
၂)
လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးမကြာဘူး ယောက်ျားဖြစ်သူက အိမ်မွေးကြောင်နဲ့ ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမကမြင်တော့ "နင်ဘာလို့ အဲဒီဝက်နဲ့ ကစားနေတာလဲ" လို့ ငေါက်လိုက်တယ်။အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကိုလက်ညှိုးထိုးပြီး "ဒါဝက်မဟုတ်ဘူး.. ကြောင်ကွ.. ကြောင်" လို့ ပြန်အော်လိုက်တယ်။အဲဒီအခါမှာ မိန်းမက ယောက်ျားကို "နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါ အဲဒီကြောင်ကို မေးနေတာ" လို့ ပြန်အော်လိုက်တယ်။
၃)
လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးနောက် ရှေ့နေဆီသွားပြီး ကွာရှင်းဖို့ ပြင်ကြတယ်။ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို တစ်ယောက်တစ်ဝက်ဆီ ခွဲဝေကြတော့ မိန်းမဖြစ်သူက မကျေမနပ်နဲ့ "ကျွန်မစုထားတဲ့ ကိုယ်ပိုင်ငွေ တစ်သောင်းကိုလည်း တစ်ဝက်ခွဲရမှာလား" လို့ မေးတယ်။ ရှေ့နေ ခေါင်းညိတ်ပြလိုက်တယ်။ မိန်းမကဆက်ပြီး "ဒါဆို ဒီကလေးသုံးယောက်ကို ဘယ်လိုခွဲမလဲ"လို့ မေးလိုက်တယ်။ ရှေ့နေခေါင်းကုတ်ပြီး စဉ်းစားတယ်။ အကြာကြီးစဉ်းစားလဲ သင့်တော်တဲ့အဖြေ မရခဲ့ဘူး။ နောက်ဆုံးမှာ ရှေ့နေက "ခင်ဗျားတို့ အိမ်ပြန်ပါ။ ကလေး၎ယောက်ရမှ ပြန်လာခဲ့ပါ။ အဲဒီအချိန်ကျမှ ကွာရှင်းဖို ကျွန်တော်ဆုံးဖြတ်ပေးမယ်" လို့ ပြောလိုက်တယ်။
(source: nine nine sanay)

WHY DID I FIRED MY SECRETARY?
This is a true story.
Last week was my 40th birthday and I really didn’t feel like waking up that morning. I managed to pull myself together and go downstairs for breakfast, hoping my wife would be pleasant and say, “Happy Birthday!”, and possibly have a small present for me. As it turned out, she barely said good morning, let alone “Happy Birthday.” I thought… Well, that’s marriage for you, but the kids… They will remember.
My kids came trampling down the stairs to breakfast, ate their breakfast, and didn’t say a word to me. So when I made it out of the house and started for work, I felt pretty dumpy and despondent.
As I walked into my office, my secretary Joanne said, “Good Morning Boss, and by the way Happy Birthday!” It felt a bit better knowing that at least someone remembered. I worked in a zombie like fashion until about one o’clock, when Joanne knocked on my door and said, “You know, it’s such a beautiful day outside, and it’s your Birthday, why don’t we go out for lunch, just you and me.” I said, “Thanks, Joanne, that’s the best thing I’ve heard all day. Let’s go!”
We went to lunch but not where we’d normally go. Instead she took me to a quiet bistro with a private table. We had a couple of mixed drinks and I enjoyed the meal tremendously. On the way back to the office, Joanne said, “You know, It’s such a beautiful day… We don’t have to go right back to the office, do we?” I replied with “I suppose not. What do you have in mind?” She said, “Let’s go to my apartment, it’s just around the corner.”
After arriving at her apartment, Joanne turned to me and said, “Boss if you don’t mind, I’m goinna to step into the bedroom for just a moment. I’ll be right back.” “Ok.” I nervously replied. She went into the bedroom and, after a couple of minutes, she came out carrying a huge birthday cake…
Followed by my wife, my kids, and dozens of my friends, and co-workers, all singing “Happy Birthday”.
And I just sat there…
On the couch…
Naked.

“ကျနော့်အတွင်းရေးမှူးမလေးကို အလုပ်ဖြုတ်ပစ်ရသည့်အကြောင်း”
ပြီးခဲ့တဲ့ နှစ်ပတ်က ကျနော့်ရဲ့ ၄၅ နှစ်ပြည့်မွေးနေ့။ အဲဒီနေ့ မနက်က စိတ်ထဲမှာ သိပ်တော့ မကြည်သာဘူး။ နံနက်စာစားဖို့ ထမင်းစားခန်းထဲ ၀င်သွားတော့ ကျနော့်စိတ်ထဲမှာ ကျနော့်ဇနီးက ကြည်ကြည်နူးနူးနဲ့ “ဟက်ပီး ဘာ့သ်ဒေး” လို့ ဆီးပြောလိမ့်မယ်၊ ပြီးတော့ ကျနော့်အတွက် လက်ဆောင်တခုလည်းပေးလိမ့်မယ်...လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် “ဟက်ပီးဘာ့သ်ဒေး” နေနေသာသာ “ဂွဒ်မောနင်း” လို့တောင် နှုတ်ဆက်ဖော်မရဘူး။ ကျနော့်စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါတယ်။ ဘယ်လို ဇနီးမျိုးလဲ သိရတာပေါ့။
အနည်းဆုံးတော့ ကျနော့်ကလေးတွေကတော့ မှတ်မိမှာပဲလို့ ဖြေတွေးတွေးမိတယ်။ ဒါနဲ့ ကလေးတွေ နံနက်စာစားဖို့ ၀င်လာကြတယ်။ ကလေးတွေကလည်း တခွန်းမှတောင် ဟ ဖော်မရဘူး။ ကျနော်လည်း နံနက်စာကို ခပ်သုတ်သုတ်စားပြီး ရုံးကို ထွက်လာခဲ့လိုက်တယ်။ ကျနော့်မှာ စိတ်အားလည်းငယ်၊ ၀မ်း ကလည်းနည်းပေါ့။
ရုံးထဲ ၀င်လိုက်တော့ ကျနော့်အတွင်းရေးမှူးမလေး ဂျက်နက်က “ဂွတ်မောနင်း...ဘော့စ်။ ဟက်ပီးဘာ့သ်ဒေး” လို့ ဆီးနှုတ်ဆက်တယ်။ ဒီတော့မှ ကျနော်လည်း နည်းနည်း စိတ်သက်သာရာရသွားတယ်။ အနည်းဆုံး တယောက်ကတော့ ကျနော့်မွေးနေ့ကို မှတ်မိဖော်ရသေးတဲ့အတွက် မဆိုးလှသေးဘူးလို့ တွေးမိတယ်။ နေမွန်းတည့်ချိန်အထိ ကျနော် အလုပ်တွေကို ဖိလုပ်နေလိုက်တယ်။
မွန်းတည့်ကာနီးမှာ ဂျက်နက်က အခန်းတံခါးလာခေါက်တယ်။သူမက... “ ဒီနေ့ အပြင်မှာ တော်တော် သာယာတယ်။ ဒီနေ့က ရှင့်မွေးနေ့လည်းဖြစ်တယ်။ ဒီတော့ ရှင်နဲ့ကျမ နှစ်ယောက်တည်း နေ့လည်စာ သွားစားရအောင်”...လို့ ပြောလာတယ်။“အေး....ဒီနေ့ ကြားရသမျှထဲမှာတော့ အကောင်းဆုံးဘဲ၊ လာသွားကြစို့”.....လို့ ကျနော်က ပြန်ပြောလိုက်တယ်။ကျနော်တို့ နေ့လည်စာအတူ သွားစားကြတယ်။ ခါတိုင်းသွားနေကျ နေရာတွေကို မသွားဘူး။ မြို့ပြင်က တိတ်ဆိတ်ပြီး သီးသန့်ကျတဲ့ နေရာလေးတနေရာမှာ သွားစားဖြစ်တယ်။ မာတီနီ နှစ်ခွက်စီသောက်ဖြစ်ကြပြီး အစားအသောက်ကိုလည်း တော်တော်လေး ခံတွင်းတွေ့တယ်။ရုံးကို အပြန်လမ်းမှာ သူမက ပြောလာတယ်။“ဘော့စ်....ရှင်သိတဲ့အတိုင်း ဒီနေ့က အင်မတန် လှပတဲ့ နေ့တနေ့။ ကျမတို့ ရုံးကို ပြန်သွားဖို့ရော လိုသေးလို့လား”ကျနော့် ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားပြီး... “ဟာ....မလိုပါဘူး။ ဘာဖြစ်လို့လဲ” လို့ လှိုက်မောစွာ ပြန်မေးတဲ့အခါ သူမက....“ဒါဖြင့် ကျမ အခန်းကို သွားကြရအောင်လေ။ အဲသည်ရောက်ရင် ရှင့်ကို ကျမ မာတီနီ တခွက် ထပ်ပြီး စပ်ပေးမှာပေါ့”ဒီလိုနဲ့ ကျနော်တို့ သူမအခန်းကို သွားကြတယ်။ မာတီနီ တခွက်စီ ထပ်သောက်ကြပြီး စီးကရက်ကိုယ်စီ ရှိုက်ဖွာနေတုန်းမှာ သူမက...“ ဘော့စ်.... ရှင် ဘယ်လိုမှ မအောက်မေ့ဘူးဆိုရင် ကျမလေ.. အိပ်ခန်းထဲခဏ၀င်ပြီး သက်တောင့်သက်သာရှိမယ့် ပေါ့ပေါ့ပါးပါးအ၀တ်အစားလေးတစုံလောက် လဲလိုက်ချင်တယ်၊ ဖြစ်တယ်မို့လား”(ကျနော်....တိုး၍ တိုး၍ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့်)...... “အိုကေ”ဒါနဲ့ သူမလည်း အိပ်ခန်းထဲကို လှစ်ကနဲ ၀င်သွားတယ်။
ခြောက်မိနစ်လောက် ကြာတော့ အခန်းထဲက သူမ ပြန်ထွက်လာတယ်။ မွေးနေ့ကိတ်ကြီးတလုံးကို လက်နှစ်ဖက်နဲ့ မ ပြီးတော့ သယ်လာတယ်။ သူမ နောက်မှာက ကျနော့်မိန်းမနဲ့ ကလေးတွေ...။ အားလုံးဟာ ဟက်ပီးဘာ့သ်ဒေး သီချင်းကို သံပြိုင်အော်ပြီး သီဆိုလာကြတယ်။
အဲသည်အချိန်မှာ ကျနော်က ဆိုဖာပေါ်မှာ ထိုင်လို့......။ ကျနော့်ကိုယ်ပေါ်မှာ အ၀တ်အစားဆိုလို့ ဗလာ။ ခြေအိတ်ကလွဲပြီး ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။
( အင်တာနက်ပေါ်က “Why I fired my secretary” ဆိုတဲ့ ဟာသ တခုကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတာပါ။ အချို့လည်း ဖတ်ဘူးပြီးသား ဖြစ်မှာပါ။ )
(source: Ko Paw)

ဝိုင် အတူသောက်ခြင်း
မူးယစ်ထုံထိုင်း မေ့လျော့ဖို့တော့မဟုတ်ဘူး
လွတ်လပ်ချင်တဲ့ရှေ့အနာဂတ်တွေအတွက်
ရဲနီစွန်းထင်းခဲ့တဲ့သွေးစက်တွေအတွက်
အဟောင်းတွေချုပ်ငြိမ်းစေဖို့အတွက်
အသစ်တွေကိုကြိုဆိုဖို့အတွက်
တရားမျှတမှုတွေအတွက်
ငြိမ်းချမ်းရေးရဲ့
ခေါ်သံ
ဝိုင်
ဝိုင်
ဝိုင်
ဝိုင်
တစ်ခွက်တည်းရယ်ပါ။
လွတ်လပ်ချင်တဲ့ရှေ့အနာဂတ်တွေအတွက်
ရဲနီစွန်းထင်းခဲ့တဲ့သွေးစက်တွေအတွက်
အဟောင်းတွေချုပ်ငြိမ်းစေဖို့အတွက်
အသစ်တွေကိုကြိုဆိုဖို့အတွက်
တရားမျှတမှုတွေအတွက်
ငြိမ်းချမ်းရေးရဲ့
ခေါ်သံ
ဝိုင်
ဝိုင်
ဝိုင်
ဝိုင်
တစ်ခွက်တည်းရယ်ပါ။
(source: ပန်ဒိုရာ)
မိန်းမတွေ
မိန်းမတွေဟာ အသက် ၁၆ နှစ်ကနေ ၂၂ နှစ်အတွင်းမှာ….
ဘောလုံးပွဲက ဘောလုံးနဲ့ တူသတဲ့။
ယောက်ျား ၂၂ ယောက်ဟာ နောက်ကနေ ၀ိုင်းလိုက်နေကြတယ်။
အသက် ၂၃ နှစ်ကနေ ၂၉နှစ်အတွင်းမှာတော့…..
ဘတ်စကက်ဘော နဲ့ တူသတဲ့။
ယောက်ျားဆယ်ယောက်ဟာ နောက်က ၀ိုင်းလိုက်နေတယ်။
အသက် ၃၀ နဲ့ ၄၀ ကြားမှာတော့….
ပင်ပေါင်ဘောနဲ့ တူပြန်သတဲ့။
ယောက်ျားနှစ်ယောက်ဟာ တယောက်ဆီတယောက် အပြန်အလှန် တွန်းပို့နေသတဲ့။
အသက် လေးဆယ် ကျော်ရင်တော့…..
ဂေါက်သီးနဲ့တူသတဲ့။
ယောက်ျားတယောက်တည်းက အဝေးကို ရိုက်ထုတ်ဖို့ ကြိုးစားနေတော့တယ်တဲ့။
(source: Ko paw)

Sunday, March 15, 2009
Meeting or parting?
QUOTABLE QUOTES
Education is the transmission of civilization.
(Will Durant )
When one teaches, two learn.
(Robert Half)
A teacher affects eternity; he can never tell where his influence stops.
(Henry Adams)

SIDE?
“If you are neutral in a situation of injustice,
you have chosen to side with the oppressor.”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
Sunday, March 1, 2009
POEM
သပြေသီးကောက်
(သီကုံးသူ- မင်းသုဝဏ်)
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီးတွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဖူးကွယ်။
တို့လည်းကြောက်ပေါင်၊ အတူသွားစို့
အုန်းလက်နွားလေးထားခဲ့မယ်
သွားကွယ် သွားကွယ်။
(သီကုံးသူ- မင်းသုဝဏ်)
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီးတွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဖူးကွယ်။
တို့လည်းကြောက်ပေါင်၊ အတူသွားစို့
အုန်းလက်နွားလေးထားခဲ့မယ်
သွားကွယ် သွားကွယ်။
ONCALL
(၂၄) နာရီ ဂျူတီ ကျတဲ. သူငယ်ချင်း ဆရာဝန် hand phone ကိုဆက်လိုက်ပါတယ်. မကိုင်ပါ. ခဏ နေတော. Message ရတယ်. Busy and running လို.ဆိုပါတယ်. အလုပ်များနေတယ်။ အလုပ်များ လွန်းလို. ပြေးနေရတယ် လို. တိုက်ရိုက် ဘာသာပြန် လိုက်တယ်. နောက်ချင်လို. ထပ်ဆက်လိုက်တယ်. ။ သူငယ်ချင်း ကိုယ် တော. အလုပ် ထွက်တော.မယ်ကွာ. သည်း မခံ နိုင် တော။ဘူး။ ထမင်း ကြမ်း ယပ် ခပ် စားတော. မယ် လို. ပြန်ဖြေတယ်။
နောက်တစ်နေ. သတင်းမေးလိုက်တယ်။ ဘယ်လိုလဲ သူငယ်ချင်း ဆိုတော. “မိန်းမ များ ကလေး မွေး သလို ပေါ.ကွာ. ဗိုက်နာ နေတုံး တော. ယောက် ကျား ကို ဆဲဆို နေတာပေါ. မွေး ပြီးတော.လဲ ကိုကိုရယ် မောင်မောင်ရယ်ပေါ.ကွာ”
(SOURCE: khin Oo May)

LIGHT and MOON
MY WILD FLOWER
မောင့်အရိုင်းပန်း
ညှာတာမှု ကင်းမဲ့လှစွာ လေပွေသရမ်းတွေ
အမှတ်မထင်ပဲ တိုက်ခတ်ရက်စက်လာ
နုနယ်တဲ့ မောင့်အရိုင်းပန်း
အသိမကြွယ်တဲ့ မောင့်တစ်ပွင့်ပန်း
အညှာမခိုင်သေးတော့ မဖွံ့ဖြိုးခင်
ကြွေကာကျရရှာပြီ။
စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ
အလစ်ကိုချောင်း တစ်ဘက်သား တစ်ချက်အငိုက်ကို
အပြစ်အနာမဲ့ မောင့်အရိုင်းပန်း
သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း
အနီရောင် စွန်းထင်းကာ အလှမပြည့်ခင်
မြေမှာခ ရရှာပြီ။
ကြည်လင်ကာ ပြန့်ပျူးတဲ့ ရေအပြင်ဟာ
ဝဲဂယက်ထန် လှုပ်ရှားသွားရပြီပေါ့
သာယာကာ အေးချမ်းတဲ့အခြေအနေတေ
ွရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ
မောင့်အရိုင်းပန်း မောင့်အသည်းပန်း
ကံဇာတာ ခေချိန်လား
ဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာ နစ်မွန်းရတာ။
သန်းခေါင်ယံည လမိုက်ခိုက်တောင်မမှီနိုင်ဘူး ထင်
စိတ်ဆင်ရိုင်း လောကသားရဲ့အမှောင
်မေတ္တာတရား ခေါင်းပါးလို့နေ
ကရုဏာမဲ့ သွေးသားအလိုအတွက်
ပင်ကိုယ်အားနွဲ့သူ
အရှုံးနဲ့သာခန္ဓာကိုယ် စတေးရရှာတယ်
သေတမန် ပြောင်းဝကို အရိုင်းပန်းနှယ်
မလွန်ဆန်နိုင် ဆက်သရုံပဲ။
ကြည်လင်ကာ ပြန့်ပျူးတဲ့ ရေအပြင်ဟာ
ဝဲဂယက်ထံ လှုပ်ရှားသွားရပြီပေါ့
သာယာကာ အေးချမ်းတဲ့အခြေအနေတွေ
ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ
မောင့်အရိုင်းပန်း မောင့်အသည်းပန်း
ကံဇာတာ ခေချိန်လားဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာ နစ်မွန်းရတာ။
တေးရေးကတော့ ဆရာစိုင်းခမ်းလိတ်ပဲ ထင်ပါတယ်။ တေးဆိုကတော့ ကိုထီးလို့ခေါ်တဲ့ စိုင်းထီးဆိုင်ပါပဲ။ အဲဒီခေတ်အခါက ဒီသီချင်း ဆင်ဆာလွတ်ခဲ့တာ အံ့သြမိပါတယ်။ ဒီခေတ်မှာတော့ ဒီလိုသီချင်းတွေ ဆင်ဆာ လွတ်မယ် မထင်ပါဘူး။ သီချင်းမှာပါတဲ့ စာသားတွေက သိသာလွန်းလှပါတယ်။ အခုတလော သတင်းမွှေးနေတဲ့ သီချင်းအချို့ကို ရေးစပ်နေတဲ့သူတွေ ဒီသီချင်းကို အတုယူသင့်တယ်လို့ ရိုးရိုးသားသား မြင်မိပါတယ်။ အကျည်းတန် ညစ်ညမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခုကို စကားလုံး လှလှလေးတွေနဲ့ နားခံသာအောင် ဖွဲ့ဆိုထားတဲ့ အနုပညာရဲ့ အရည်အသွေးကို ကျွန်တော် တန်ဖိုးထား လေးစားမိတာ အမှန်ပါပဲ။အဲဒီသီချင်းကို ခံစားကြည့်မိတော့ သီချင်းက အခုခေတ် မဟုတ်တဲ့ ဟိုးအရင်ခေတ်က ရှမ်းပြည်ကိုများ နောက်ခံထားလေမလားပဲ။ အခုခေတ်မှာရော အကျုံးဝင်နေသေးလား။ ရေတိမ်နစ်ရသူက ဖြူစင်ရိုးသားတဲ့ တိုင်းရင်းသူလေးပဲ ဖြစ်မယ်ထင်တယ်။ သေတမန် ပြောင်းဝဆိုတာကြီးက ကြောက်စရာကြီး။ တွတ်ပီကိုင်တဲ့ သေနတ်လို နှစ်လုံးပြူးသေနတ်တော့ မဟုတ်လောက်ဘူး။ စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေဆိုတာလည်း ဘယ်သူတွေကို ပြောချင်တာလဲ မသိဘူးဗျာ။ တောထဲမှာ နေတဲ့သူတွေကိုတော့ အရိုင်းအစိုင်းလို့သုံးထားတာ မြင်ဖူးဖတ်ဖူးမိတာပဲ။ အဲဒါကလည်း ပကတိ ရိုးသားဖြူစင်မှုကို အရိုင်းဆန်တယ်လို့ ပြောထားပုံပါပဲ။ ဒီအဖြေကို သိနေလည်း မဖြေတာပဲ ကောင်းပါတယ်လေ။ (Source: Julydream)
What do you think?

Subscribe to:
Posts (Atom)